back

စစ်ကိုင်းတိုင်း၊ နာဂဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လဟယ်-တိုက်ရံ-ပုံညိုလမ်းပိုင်း ပျက်စီး

Jun 29 • 2:57 AM

breaking-news

Myanmar

Sagaing

cover

စစ်ကိုင်းတိုင်း၊ နာဂဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လဟယ်-တိုက်ရံ-ပုံညိုလမ်းပိုင်း ပျက်စီး

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဇွန် ၂၈ ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် လဟယ်-တိုက်ရံ-ပုံညို လမ်းတစ်လျှောက်တွင် လမ်းပိုင်းပ...

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဇွန် ၂၈ ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် လဟယ်-တိုက်ရံ-ပုံညို လမ်းတစ်လျှောက်တွင် လမ်းပိုင်းပျက်စီးမှုနှင့် ရေဝပ်မှုများ ဖြစ်ပေါ်ကာ သွားလာရေး အခက်အခဲဖြစ်ပေါ်လျက်ရှိသည်။ အထူးသဖြင့် မကျန်ကျေးရွာနှင့် တိုက်ရံကျေးရွာအကြား လမ်းပိုင်းအချို့ ပျက်စီးခဲ့သည့်အပြင် တိုက်ရံ-ဆပ္ပလော် လမ်းပိုင်းတွင်လည်း ရေဝပ်နေသည့်နေရာများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ လမ်းပျက်စီးမှုနှင့် ရေဝပ်နေသည့် အခြေအနေများကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်နိုင်ရန် ညှိနှိုင်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

30