လာအိုနိုင်ငံ၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ တိုးတက်လာခြင်းကြောင့် စီးပွားရေးတိုးတက်မှုနှုန်း ပြန်လည်ကောင်းမွန်လာသည့်အပြင် ပြည်တွင်းငွေကြေးဖောင်းပွမှု (Inflation rate) သည်လည်း ယခုဇွန်လအတွင်း ၇.၄ ရာခိုင်နှုန်းသို့ သိသိသာသာ ကျဆင်းသွားခဲ့ကြောင်း လာအိုစီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ အစီရင်ခံစာအရ သိရသည်။ ပြီးခဲ့သည့် လများက အဝတ်အထည်၊ စားသောက်ကုန်နှင့် လောင်စာဆီဈေးနှုန်းများ အဆမတန်မြင့်တက်မှုကြောင့် ငွေကြေးဖောင်းပွမှုဒဏ်ကို ပြင်းထန်စွာခံခဲ့ရသော်လည်း အစိုးရ၏ ငွေလဲနှုန်းထိန်းချုပ်မှု မူဝါဒများနှင့် သွင်းကုန်အစားထိုး ပြည်တွင်းထုတ်လုပ်မှု မြှင့်တင်ရေး မဟာဗျူဟာများကြောင့် ဈေးနှုန်းများ ပြန်လည်တည်ငြိမ်လာခြင်းဖြစ်ကာ၊ လာမည့်နှစ်ဝက်အတွင်း ခရီးသွားလုပ်ငန်းနှင့် လျှပ်စစ်ဓာတ်အား ပြည်ပပို့ကုန်ကဏ္ဍတို့မှတစ်ဆင့် စီးပွားရေး ပိုမိုဖွံ့ဖြိုးလာမည်ဟု ဘဏ္ဍာရေးကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။
Jun 29 • 2:56 AM
Laos
Local News
Share
| 14 | 0 | 0 | 0 |


