back

နေပြည်တော်၊ ပျဉ်းမနားမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်ရာခိုင်နှုန်းနှင့် ဂုဏ်ထူးရရှိသူဦးရေ တိုးတက်လာ

Jun 29 • 2:55 AM

breaking-news

Myanmar

Naypyidaw

cover

နေပြည်တော်၊ ပျဉ်းမနားမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်ရာခိုင်နှုန်းနှင့် ဂုဏ်ထူးရရှိသူဦးရေ တိုးတက်လာ

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်တွင် ဇွန်လ ၂၈ ရက် နံနက်ပိုင်းက ထုတ်ပြန်ခဲ့သည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းအရ ယခုနှစ် အောင်ချက်ရာခ...

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်တွင် ဇွန်လ ၂၈ ရက် နံနက်ပိုင်းက ထုတ်ပြန်ခဲ့သည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းအရ ယခုနှစ် အောင်ချက်ရာခိုင်နှုန်းမှာ ၅၆.၃၇ ရာခိုင်နှုန်း ရှိပြီး ယခင်နှစ် အောင်ချက် ၅၁.၈၅ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ပိုမိုတိုးတက်လာကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ ယခုနှစ်တွင် ပျဉ်းမနားမြို့နယ်၌ စာမေးပွဲဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ၂,၆၁၃ ဦး ရှိသည့်အနက် ၁,၄၇၃ ဦး အောင်မြင်ခဲ့သည်။ထို့ပြင် တစ်ဦးချင်း ဂုဏ်ထူးရရှိမှုတွင်လည်း ယခင်နှစ်ထက် ပိုမိုများပြားလာပြီး စုစုပေါင်း ဂုဏ်ထူးရှင် ၃၉၂ ဦး ထွက်ပေါ်ခဲ့သည်။ အဆိုပါ ဂုဏ်ထူးရှင်များတွင် ဘာသာစုံ (၆ ဘာသာ) ဂုဏ်ထူးရှင် ၁၃ ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၂၉ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၄၂ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၆၅ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၇၇ ဦးနှင့် ၁ ဘာသာဂုဏ်ထူးရှင် ၁၆၆ ဦးတို့ ပါဝင်ကြောင်း သိရသည်။ အထူးသဖြင့် ယခုနှစ်တွင် ၆ ဘာသာ၊ ၅ ဘာသာနှင့် ၄ ဘာသာ ဂုဏ်ထူးရရှိသည့် ကျောင်းသား၊ ကျောင်းသူဦးရေ သိသိသာသာ ပိုမိုများပြားလာခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

news-view-count-icon

8