back

ပြည်တွင်း၌ တင်သွင်းခွင့်လိုင်စင်ရယာဉ်များ ကနဦးမှတ်ပုံတင်ရန် ဒီဇင်ဘာလနောက်ဆုံးထား၍ ဆောင်ရွက်ရမည်ဟုဆို

Jun 29 • 2:54 AM

breaking-news

Myanmar

Local

cover

ပြည်တွင်း၌ တင်သွင်းခွင့်လိုင်စင်ရယာဉ်များ ကနဦးမှတ်ပုံတင်ရန် ဒီဇင်ဘာလနောက်ဆုံးထား၍ ဆောင်ရွက်ရမည်ဟုဆို

ပြည်တွင်း၌ တင်သွင်းခွင့်လိုင်စင် ထုတ်ပေးထားသည့် မော်တော်ယာဉ်များအနေဖြင့် ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ကို နောက်ဆုံးထား၍ ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းများကို နီးစ...

ပြည်တွင်း၌ တင်သွင်းခွင့်လိုင်စင် ထုတ်ပေးထားသည့် မော်တော်ယာဉ်များအနေဖြင့် ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ကို နောက်ဆုံးထား၍ ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းများကို နီးစပ်ရာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ရုံးများတွင် ပြီးပြတ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။အဆိုပါ သတ်မှတ်ချက်တွင် ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်းနှင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း တင်သွင်းခွင့်လိုင်စင် ထုတ်ပေးထားသည့် ယာဉ်များ ပါဝင်ပြီး၊ သတ်မှတ်ကာလ ကျော်လွန်ပါက ကနဦးမှတ်ပုံတင်ခြင်းကို လုံးဝဆောင်ရွက်ပေးတော့မည်မဟုတ်ဘဲ တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်သည်။ထို့အပြင် ကုန်သွယ်ရေးဦးစီးဌာနက ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း တင်သွင်းခွင့်လိုင်စင် ထုတ်ပေးထားသည့် ယာဉ်များအတွက်မူ ပထမပိုင်းအနေဖြင့် ဇွန်လ ၃၀ ရက်နေ့ကို နောက်ဆုံးထား၍ ကနဦးမှတ်ပုံတင်ရန် အသိပေးထားသည်။

news-view-count-icon

27