back

မွန်ပြည်နယ်၊မော်လမြိုင်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ညောင်ပင်ကျိုးကျကာ နေအိမ်ပေါ်ပိမိမှု ဖြစ်ပွား

Jun 29 • 2:53 AM

breaking-news

Myanmar

Mon

cover

မွန်ပြည်နယ်၊မော်လမြိုင်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ညောင်ပင်ကျိုးကျကာ နေအိမ်ပေါ်ပိမိမှု ဖြစ်ပွား

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက်၊ ယက္ကန်းဝန်းတွင် ဇွန်လ ၂၉ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်ခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ညောင်ပင်တစ်ပင် ကျိ...

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက်၊ ယက္ကန်းဝန်းတွင် ဇွန်လ ၂၉ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်ခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ညောင်ပင်တစ်ပင် ကျိုးကျကာ လူနေအိမ်ပေါ်သို့ ပိမိနေကြောင်း သတင်းရရှိသဖြင့် မော်လမြိုင်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့သည်။ အဆိုပါဖြစ်စဉ်နေရာသို့ မော်လမြိုင်မြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ် (၁) စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁) စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်၍ လမ်းပိတ်ဆို့မှုများနှင့် နေအိမ်ပေါ်ပိမိနေသည့် သစ်ပင်သစ်ကိုင်းများကို ဖယ်ရှားရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

9