back

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Silom တွင် ဝသူများကို မကြိုက်ဟုဆိုကာ ဓားဖြင့်လိုက်ထိုးသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိ

Jun 29 • 3:03 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Silom တွင် ဝသူများကို မကြိုက်ဟုဆိုကာ ဓားဖြင့်လိုက်ထိုးသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၏ လူစည်ကားရာ Silom လမ်းမပေါ်တွင် ဇွန်လ ၂၈ ရက်နေ့က အမျိုးသားတစ်ဦးက လမ်းသွားလမ်းလာများကို ဓားဖြင့် လိုက်လံထိုးနှက်သည့် ရမ်းကားမှုတစ်ခု ...

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၏ လူစည်ကားရာ Silom လမ်းမပေါ်တွင် ဇွန်လ ၂၈ ရက်နေ့က အမျိုးသားတစ်ဦးက လမ်းသွားလမ်းလာများကို ဓားဖြင့် လိုက်လံထိုးနှက်သည့် ရမ်းကားမှုတစ်ခု ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့နှင့် ပြည်သူများ ပူးပေါင်း၍ အခင်းဖြစ်နေရာတွင်ပင် ဖမ်းဆီးနိုင်ခဲ့သည်။ စစ်ဆေးချက်များအရ အသက် ၃၀ ဝန်းကျင်ရှိ အဆိုပါတရားခံသည် ၎င်းနှင့် ရန်ငြိုးရန်စမရှိသည့် လမ်းသွားလမ်းလာများကို ရွေးချယ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ဝသည့်သူများကို မြင်လျှင် မနာလိုဖြစ်ကာ စိတ်မခံမရပ်နိုင်ဘဲ ဒေါသထွက်လာသောကြောင့် ယခုကဲ့သို့ ဓားဖြင့်ဝင်ထိုးခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သဖြင့် အားလုံးကို အံ့ဩမှင်သက်စေခဲ့သည်။ ယခုဖြစ်စဉ်ကြောင့် ဗီယက်နမ်နိုင်ငံသူတစ်ဦး ဓားထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ လက်ရှိတွင် တရားခံအား မူးယစ်ဆေးဝါး သုံးစွဲထားခြင်း ရှိ၊ မရှိနှင့် စိတ်ကျန်းမာရေး အခြေအနေများကို စစ်ဆေးရန် ဆေးရုံသို့ ပို့ဆောင်ထားကာ ဥပဒေအရ ထိရောက်စွာ အမှုဖွင့်အရေးယူရန် ပြင်ဆင်နေကြောင်း သိရသည်။

news-view-count-icon

8