မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ယနေ့ ပထမဝါဆိုလပြည့်နေ့ (ဇွန်လ ၂၉ ရက်) မှ စတင်ကာ မျက်နှာသစ်တော်ရေဆက်ကပ်ခြင်းကို နေ့စဉ် ပြန်လည်ပူဇော်နေပြီဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။ ယခင်က မန္တလေးငလျင်ကြီးဖြစ်ပွားပြီးနောက် ဘုရားကြီးသီတင်းသုံးရာ ကျောင်းဆောင်တော်နှင့် ပရိဝုဏ်အတွင်း ထိခိုက်ပျက်စီးမှုများကြောင့် မျက်နှာသစ်တော်ရေကပ်လှူမှုကို လပြည့်နှင့် လကွယ်နေ့များတွင်သာ ပြုလုပ်နိုင်ခဲ့ရာမှ ယခုအခါ နေ့စဉ်အလှည့်ကျ ပြန်လည်ကပ်လှူပူဇော်နိုင်ခြင်း ဖြစ်သည်။ယနေ့ ပထမဝါဆိုလပြည့်နေ့ နံနက်အာရုဏ်တက်ချိန်တွင် ရေတော်ဆရာတော်အမှူးပြု၍ ဗုဒ္ဓဝေယျာဝစ္စအဖွဲ့က မဟာမုနိရုပ်ရှင်တော်မြတ်ကြီးကို မျက်နှာသစ်တော်ရေ ဆက်ကပ်ခြင်းနှင့်အတူ ဆွမ်း၊ သစ်သီး၊ ရေချမ်း၊ ပန်းများကို ကပ်လှူပူဇော်ခဲ့ကြသည်။ မျက်နှာသစ်တော်ရေကပ်လှူမှုကို လာရောက်ဖူးမြော်ကြည်ညိုလိုသည့် ဘုရားဖူးပြည်သူများကို နံနက် ၄ နာရီမှစတင်၍ အဝင်ဂိတ်များမှ ကြိုတင်ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး ဆွမ်း၊ ပန်း၊ ရေချမ်းကပ်လှူခြင်း ကုသိုလ်များကို စိတ်အေးချမ်းသာစွာ ပြုလုပ်နိုင်ကြောင်း သိရသည်။
မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ယနေ့ ပထမဝါဆိုလပြည့်နေ့မှစတင်ကာ မျက်နှာသစ်တော်ရေကို နေ့စဉ် ပြန်လည်ဆက်ကပ်ပူဇော်
Jun 29 • 2:05 AM
Myanmar
Mandalay
Share
| 39 | 0 | 0 | 0 |


