အင်္ဂလန်လက်ရွေးစင်အသင်း တိုက်စစ်မှူး ဟာရီကိန်းသည် အသင်းသမိုင်းတစ်လျှောက် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂိုးအများဆုံးသွင်းယူသည့် ကစားသမားအဖြစ် မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့သည်။ ၎င်းသည် ပွဲကစားချိန် ၆၇ မိနစ်တွင် ဂျုဒ်ဘယ်လင်ဂမ်၏ ဖြတ်တင်ဘောမှတစ်ဆင့် ခေါင်းတိုက်ဂိုး သွင်းယူကာ အင်္ဂလန်တိုက်စစ်မှူးဟောင်း ဂယ်ရီလိုင်နီကာ တင်ရှိထားသည့် ကမ္ဘာ့ဖလား ၁၀ ဂိုးမှတ်တမ်းကို ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ဤသွင်းဂိုးကြောင့် ဟာရီကိန်းသည် ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ဂိုးအများဆုံးစာရင်းတွင် ဟန်ဂေရီဂန္ထဝင် ကော့ဆစ်၊ ဂျာမနီဂန္ထဝင် ကလင်းစမန်းတို့နှင့်အတူ အဆင့် ၈ နေရာတွင် ပူးတွဲရပ်တည်ခွင့်ရခဲ့သည့်အပြင်၊ ဒေးဗစ်ဘက်ခမ်ပြီးနောက် ကမ္ဘာ့ဖလား သုံးကြိမ်ဆက်တိုက် ဂိုးသွင်းယူနိုင်သည့် ဒုတိယမြောက် အင်္ဂလန်ကစားသမား ဖြစ်လာခဲ့သည်။ လက်ရှိတွင် ဟာရီကိန်းသည် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၁၁၆ ပွဲကစား၊ ၈၂ ဂိုး သွင်းယူပေးထားပြီး ယခုရာသီအတွင်း ကလပ်နှင့် နိုင်ငံအသင်းအတွက် စုစုပေါင်း သွင်းဂိုး ၇၀ ပြည့်မြောက်ကာ စီရော်နယ်လ်ဒိုကို ကျော်ဖြတ်၍ မက်ဆီပြီးလျှင် ဒုတိယမြောက် တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းနိုင်သူအဖြစ်ပါ မှတ်တမ်းဝင်သွားကြောင်း သိရသည်။
Jun 29 • 1:55 AM
Myanmar
International
Share
| 11 | 0 | 0 | 0 |


