ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဇွန်လ ၂၈ ရက်နေ့က တစ်နာရီကျော်ကြာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် ချာတူချတ်ခရိုင်ရှိ ရတ်ချဒါဖိဆက်လမ်း အဝင်ဘက်ခြမ်း၌ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်။ ရေကြီးမှုမှာ ရတ်ချဒါဖိဆက် လမ်းသွယ် ၄၄ ဝင်ပေါက်မှ ဆွာယိုင်ဥထစ်လမ်း (သို့မဟုတ်) ရတ်ချဒါဖိဆက် လမ်းသွယ် ၃၆ အထိ ရေများစုပုံနေခြင်းဖြစ်ပြီး ယာဉ်ငယ်များနှင့် ဆိုင်ကယ်မောင်းနှင်သူများ သွားလာရေး အထူးအခက်အခဲ ကြုံတွေ့ခဲ့ရသည်။ အဆိုပါ ရေကြီးနေသည့် လမ်းပိုင်းကို ဖြတ်သန်းသွားလာကြသည့် ယာဉ်များအနေဖြင့် သတိထား မောင်းနှင်နေရခြင်းကြောင့် လမ်းတစ်လျှောက်တွင် ယာဉ်ကြောပိတ်ဆို့မှုများ ပြင်းထန်စွာ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။



