menu-icon
logo-icon

Global Reporter

home-icon

Home

breaking_news-icon

Breaking News

hot-icon

Hot

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow Us

Download Application

playstore-iconappstore-icondownload-app-icon

Follow Us

Download Application

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ အမြင်အာရုံမသန်စွမ်းသူ နှစ်ဦး အောင်မြင်

Jun 29 • 1:52 AM

breaking-news

Myanmar

Local

Share

share-news
cover

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ အမြင်အာရုံမသန်စွမ်းသူ နှစ်ဦး အောင်မြင်

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ သင်တန်းကျောင်းများနှင့် မသန်စွမ်းကျောင်းများမှ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ အမြင်အာရုံမသန်...

cover-photo

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ သင်တန်းကျောင်းများနှင့် မသန်စွမ်းကျောင်းများမှ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ အမြင်အာရုံမသန်စွမ်းသူ ၂ ဦး၊ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းမှ ၃ ဦး၊ မန္တလေးလူငယ်သင်တန်းကျောင်းမှ ၄ ဦး၊ အမျိုးသမီးကလေးများသင်တန်းကျောင်း (မန္တလေး) မှ ၁ ဦးနှင့် လပွတ္တာလူငယ့်အားမာန်သင်တန်းကျောင်းမှ ၁ ဦးတို့ အောင်မြင်ခဲ့ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ သိရသည်။ အလားတူ အကျဉ်းဦးစီးဌာနအောက်ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၃၆ ဦး (၁၀၀ ရာခိုင်နှုန်းအောင်ချက်ဖြင့် ၅ နှစ်ဆက်တိုက်အောင်မြင်မှုစံချိန်) နှင့် မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၁၀ ဦး၊ စုစုပေါင်း အကျဉ်းသား ၄၆ ဦး အောင်မြင်ခဲ့ပြီး ၎င်းတို့အနက် သုံးဘာသာဂုဏ်ထူးရှင် ၅ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၆ ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် ၆ ဦး ပါဝင်ခဲ့သည်။ ယခုနှစ် ဇွန်လ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၂.၃၇ ရာခိုင်နှုန်း ရှိခဲ့သည်။

news-view-count-icon

63

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) မှ အခက်အခဲရှိသည့် သဘင်မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ဆု ချီးမြှင့်မည်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရတ်ချဒါဖိဆက်လမ်း ရေကြီးပြီး ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်

cover-photo
right-arrow-icon