ဇွန်လ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော မြန်မာနိုင်ငံတစ်ဝှမ်းရှိ သဘင်မိသားစုဝင် သားသမီးများအတွက် မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) က ဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ခဲ့ပြီး၊ ပညာဆက်လက်သင်ယူရန် အခက်အခဲရှိနေသည့် ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ဆုများ ဂုဏ်ပြုပံ့ပိုး ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။ အဆိုပါ ပညာသင်ဆုကို လျှောက်ထားလိုသူများအနေဖြင့် မိမိတို့၏ ကိုယ်ရေးအကျဉ်း၊ သဘင်မျိုးဆက် စစ်မှန်ကြောင်း အထောက်အထားနှင့် တက္ကသိုလ်ပညာ ဆက်လက်သင်ယူရန် အခက်အခဲရှိကြောင်း တင်ပြချက်များကို ပြင်ဆင်၍ သက်ဆိုင်ရာ မြို့နယ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်သဘင်အစည်းအရုံးများ သို့မဟုတ် ဗဟိုသဘင်ရုံးသို့ တိုက်ရိုက်ဆက်သွယ်ကာ ဇူလိုင်လ ၁၅ ရက်နေ့ နောက်ဆုံးထား၍ သတင်းပို့လျှောက်ထားနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) မှ အခက်အခဲရှိသည့် သဘင်မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ဆု ချီးမြှင့်မည်
Jun 29 • 1:51 AM
Myanmar
Local
Share
| 27 | 0 | 0 | 0 |


