back

မကွေးမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ (သိပ္ပံဘာသာတွဲ) ဖြင့် တစ်နိုင်ငံလုံး အမှတ်အများဆုံး Top 10 စာရင်းဝင် ၃ ဦး ထွက်ပေါ်

Jun 29 • 1:50 AM

breaking-news

Myanmar

Magway

cover

မကွေးမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ (သိပ္ပံဘာသာတွဲ) ဖြင့် တစ်နိုင်ငံလုံး အမှတ်အများဆုံး Top 10 စာရင်းဝင် ၃ ဦး ထွက်ပေါ်

ဇွန်လ ၂၈ ရက်က ထုတ်ပြန်ခဲ့သည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းအရ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မှ သိပ္ပံဘာသာတွဲဖြင့် တစ်နိုင်ငံလုံးအဆင့် အမှတ်အများဆု...

ဇွန်လ ၂၈ ရက်က ထုတ်ပြန်ခဲ့သည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းအရ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မှ သိပ္ပံဘာသာတွဲဖြင့် တစ်နိုင်ငံလုံးအဆင့် အမှတ်အများဆုံး (The Whole Burma Top 10) စာရင်းဝင် ၃ ဦးအထိ ထူးချွန်စွာ ထွက်ပေါ်ခဲ့သည်။ အဆိုပါ ထူးချွန်ကျောင်းသား၊ ကျောင်းသူများမှာ "D ဝေလျှံ" ကိုယ်ပိုင်အထက်တန်းကျောင်းမှ တစ်နိုင်ငံလုံးအဆင့် (၂) ရရှိသူ မအေးချမ်းမြေ့၊ အဆင့် (၅) ရရှိသူ မောင်ဉာဏ်ဟိန်းဇေနှင့် "မိသားစု" ကိုယ်ပိုင်အထက်တန်းကျောင်းမှ အဆင့် (၉) ရရှိသူ မောင်ဘုန်းတေဇသွေး တို့ဖြစ်ကြသည်။ ယခုနှစ်တွင် မကွေးတိုင်းဒေသကြီးအတွင်း စာစစ်ဌာန ၅၂ ခု ဖွင့်လှစ်၍ စာမေးပွဲကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၁,၂၁၉ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၁၂,၃၉၀ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။

news-view-count-icon

68