back

စစ်ကိုင်းတိုင်း၊တမူးမြို့၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၁၆၃ ဦး အောင်မြင်ပြီး ဂုဏ်ထူးရသူ ၄၆ ဦးရှိ

Jun 28 • 8:40 AM

breaking-news

Myanmar

Sagaing

cover

စစ်ကိုင်းတိုင်း၊တမူးမြို့၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၁၆၃ ဦး အောင်မြင်ပြီး ဂုဏ်ထူးရသူ ၄၆ ဦးရှိ

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇွန်လ ၂၈ ရက်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထုတ်ပြန်ကြေညာခဲ့ရာ စစ်ကိုင်းတိုင်း၊ တမူးမြို့ရှိ အ.ထ.က (၁) တမူး ...

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇွန်လ ၂၈ ရက်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထုတ်ပြန်ကြေညာခဲ့ရာ စစ်ကိုင်းတိုင်း၊ တမူးမြို့ရှိ အ.ထ.က (၁) တမူး စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ၃၇၈ ဦးအနက် ၁၆၃ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။ အဆိုပါ အောင်မြင်သူများအနက် ၅ ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၂ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၆ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၁၅ ဦးနှင့် ၁ ဘာသာဂုဏ်ထူးရှင် ၂၂ ဦး ဖြစ်ပြီး စုစုပေါင်း ဂုဏ်ထူးရရှိသူ ၄၆ ဦးအထိ ပါဝင်ကြောင်း သိရသည်။

news-view-count-icon

28