၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇွန်လ ၂၈ ရက် နံနက်အစောပိုင်းတွင် ထုတ်ပြန်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ CAE ကိုယ်ပိုင်ကျောင်းမှ မသီရိစိုးက ရမှတ်ပေါင်း ၅၆၂ မှတ်ဖြင့် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး အဆင့် ၁ ကို ရရှိခဲ့ပြီး၊ မကွေးမြို့ D ဝေလျှံကိုယ်ပိုင်ကျောင်းမှ မအေးချမ်းမြေ့က ၅၅၆ မှတ်ဖြင့် ဒုတိယအမှတ်အများဆုံး (အဆင့် ၂) ရရှိခဲ့ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။ ထို့ပြင် ဝိပ္ပံဘာသာတွဲတွင် အ.ထ.က (၁၄) လှိုင်သာယာ (အရှေ့ပိုင်း) မှ မနီနီကျော်က ရမှတ် ၅၃၀ ဖြင့်လည်းကောင်း၊ ဝိဇ္ဇာဘာသာတွဲတွင် အ.ထ.က ကျောက်တံခါးမှ မစုမြတ်အောင်က ရမှတ် ၄၉၈ မှတ်ဖြင့်လည်းကောင်း အသီးသီး အမှတ်အများဆုံး အဆင့် ၁ ရရှိခဲ့ကြပြီး၊ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၏ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်ချက်ရာခိုင်နှုန်းမှာ ၅၂ ဒသမ ၃၇ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
Jun 28 • 8:41 AM
Myanmar
Local
Share
| 44 | 0 | 0 | 0 |


