back

မိုးလယ်ကာလအတွင်း ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ် ၉ ခု၌ မိုးရွာသွန်းမှု ရွာသွန်းမြဲထက် ပိုနိုင်

Jun 28 • 8:39 AM

breaking-news

Myanmar

Local

cover

မိုးလယ်ကာလအတွင်း ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ် ၉ ခု၌ မိုးရွာသွန်းမှု ရွာသွန်းမြဲထက် ပိုနိုင်

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇွန်လ ၂၈ ရက် နံနက်ပိုင်း ထုတ်ပြန်ချက်အရ လာမည့် ဇူလိုင် ၁ ရက်မှ ဩဂုတ် ၃၁ ရက်အထိ မိုးလယ်ကာလအတွင်း ရန်ကုန်တိုင်း၊ နေပြည်တေ...

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇွန်လ ၂၈ ရက် နံနက်ပိုင်း ထုတ်ပြန်ချက်အရ လာမည့် ဇူလိုင် ၁ ရက်မှ ဩဂုတ် ၃၁ ရက်အထိ မိုးလယ်ကာလအတွင်း ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးရွာသွန်းမှုမှာ ရွာသွန်းမြဲထက် ပိုနိုင်ကြောင်း သိရသည်။ ထို့ပြင် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်မူ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း ခန့်မှန်းထားသည်။

news-view-count-icon

99