၂၀၂၆ ခုနှစ် စက်မှုစိုက်ပျိုးမွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇွန်လ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်မြင်သူ ၁,၆၇၂ ဦး ရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ စာရင်းများအရ သိရသည်။ ယင်းစာမေးပွဲသို့ ရန်ကုန်တိုင်းနှင့် နေပြည်တော် အပါအဝင် တိုင်းနှင့် ပြည်နယ် ၁၅ ခုမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃,၃၆၄ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင်မှုရာခိုင်နှုန်းမှာ ၄၉ ဒသမ ၇၀ ရာခိုင်နှုန်း ဖြစ်သည်။တိုင်းနှင့် ပြည်နယ်အလိုက် အောင်မြင်မှုစာရင်းများအရ ရှမ်းပြည်နယ်မှ ၄၀၅ ဦး ဝင်ရောက်ဖြေဆိုပြီး ၂၆၈ ဦး အောင်မြင်ခဲ့သဖြင့် အများဆုံးဖြစ်ကာ၊ ပဲခူးတိုင်းက ၄၃၅ ဦး ဖြေဆိုပြီး ၂၂၇ ဦး အောင်မြင်၍ ဒုတိယအများဆုံးနှင့် ရန်ကုန်တိုင်းက ၄၀၂ ဦး ဖြေဆိုပြီး ၂၀၈ ဦး အောင်မြင်ခဲ့သဖြင့် တတိယအများဆုံး ဖြစ်ခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် စက်မှုစိုက်ပျိုးမွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်သူ ၁,၆၇၂ ဦးရှိပြီး ရှမ်းပြည်နယ်က အများဆုံးအောင်မြင်
Jun 28 • 8:36 AM
Myanmar
Local
Share
| 142 | 0 | 0 | 0 |


