၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇွန်လ ၂၈ ရက်တွင် တစ်ပြိုင်တည်း ထုတ်ပြန်ခဲ့ရာ တစ်နိုင်ငံလုံး၌ ကျောင်းသား၊ ကျောင်းသူ ၂၅၅,၂၂၈ ဦး ဝင်ရောက်ဖြေဆိုခဲ့သည့်အနက် ၁၃၃,၆၇၃ ဦး အောင်မြင်ခဲ့သဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၂ ဒသမ ၃၇ ရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။ တိုင်းဒေသကြီးအလိုက် အောင်မြင်မှုတွင် မန္တလေးတိုင်းက ၂၈,၃၉၃ ဦးဖြင့် အများဆုံး၊ ရန်ကုန်တိုင်းက ၂၃,၂၀၃ ဦးဖြင့် ဒုတိယအများဆုံးနှင့် ဧရာဝတီတိုင်းက ၁၆,၅၀၇ ဦးဖြင့် တတိယအများဆုံး အသီးသီးဖြစ်ခဲ့ကြပြီး၊ ထူးခြားချက်အနေဖြင့် အင်းစိန်အကျဉ်းထောင်မှ ဝင်ရောက်ဖြေဆိုခဲ့ကြသည့် အကျဉ်းသား၊ အကျဉ်းသူ ၃၆ ဦးစလုံး ရာနှုန်းပြည့် အောင်မြင်ခဲ့ကာ ဂုဏ်ထူးရရှိသူ ၇ ဦး ပါဝင်ကြောင်း သိရသည်။
၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထွက်ရှိ၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အောင်မြင်သူ ၁ သိန်း ၃ သောင်းကျော်ရှိ
Jun 28 • 8:35 AM
Myanmar
Local
Share
| 55 | 0 | 0 | 0 |


