ဗင်နီဇွဲလားနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် အားပြင်းငလျင်နှစ်ခုကြောင့် သေဆုံးသူဦးရေ ၉၂၀ ဦးအထိ ရှိလာပြီး ဒဏ်ရာရရှိသူ ၃,၃၆၀ ဦး ရှိကြောင်း အစိုးရက ထုတ်ပြန်ထားပြီး၊ ဝက်ဘ်ဆိုက်တစ်ခု၏ ဖော်ပြချက်အရ ပျောက်ဆုံးနေသူ ၅၀,၀၀၀ ကျော်အထိ ရှိနေကြောင်း သိရသည်။ လတ်တလောတွင် နိုင်ငံခြားကယ်ဆယ်ရေးအဖွဲ့များမှာ ငလျင်လှုပ်ခတ်အပြီး နှစ်ရက်နီးပါးအကြာမှသာ အပျက်အစီးများရှိရာသို့ ရောက်ရှိလာခဲ့ပြီး၊ အဆောက်အအုံများအတွင်း ပိတ်မိနေဆဲဖြစ်သည့် လူ ၁၇၂ ဦး အပါအဝင် အသက်ရှင်ကျန်ရစ်သူများကို ဒေသခံများနှင့် ကယ်ဆယ်ရေးအဖွဲ့များက အချိန်နှင့်လု၍ အပူတပြင်း ရှာဖွေကယ်ဆယ်လျက်ရှိကြောင်း သိရသည်။
Jun 28 • 8:19 AM
Myanmar
International
Share
| 14 | 0 | 0 | 0 |


