ချင်းပြည်နယ်၊ ဖလမ်းမြို့အား တပ်မတော်က အပြည့်အဝ ပြန်လည်ထိန်းချုပ်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့သို့ ပြန်လည်ဝင်ရောက်လာသည့် ဒေသခံများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ယာယီဆေးရုံရှိ ယာယီခွဲစိတ်ဆောင်၌ ခွဲစိတ်ခန်းသုံးစက်ကိရိယာများကို ဇွန်လ ၂၆ ရက်တွင် စတင်တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ စက်ကိရိယာများ တပ်ဆင်ပေးခဲ့ခြင်းကြောင့် ဖလမ်းမြို့ရှိ အရေးပေါ် ခွဲစိတ်ကုသရန် လိုအပ်သောလူနာများကို အချိန်မီခွဲစိတ်ကုသပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
Jun 28 • 8:18 AM
Myanmar
Chin
Share
| 8 | 0 | 0 | 0 |


