ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ၂၀၂၆–၂၀၂၇ ပညာသင်နှစ်အတွက် မဟာဘွဲ့သင်တန်းများနှင့် ဘွဲ့လွန်ဒီပလိုမာသင်တန်းများ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး ဝင်ခွင့်လျှောက်ထားနိုင်ကြောင်း အဆိုပါတက္ကသိုလ်မှ ထုတ်ပြန်ကြေညာထားသည်။ ဖွင့်လှစ်မည့် သင်တန်းများတွင် စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု (MBA, EMBA)၊ ဖွံ့ဖြိုးရေးပညာ (MDevS, EMDevS)၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု (MPA, EMPA)၊ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာ (MBF) အပါအဝင် မဟာဘွဲ့သင်တန်း ၈ ခုအပြင်၊ သုတေသနပညာ (PGDRS)၊ စီမံအုပ်ချုပ်မှုပညာ (PGDMA)၊ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု (PGDHRM) နှင့် ရုံးလုပ်ငန်းစီမံခန့်ခွဲမှုပညာ (DSM) စသည့် ဘွဲ့လွန်ဒီပလိုမာသင်တန်းများ ပါဝင်ကြောင်း သိရသည်။
ရန်ကုန်စီးပွားရေးတက္ကသိုလ် ၂၀၂၆–၂၀၂၇ ပညာသင်နှစ် မဟာဘွဲ့နှင့် ဘွဲ့လွန်ဒီပလိုမာသင်တန်းများ ဝင်ခွင့်လျှောက်ထားနိုင်
Jun 28 • 8:05 AM
Myanmar
Yangon
Share
| 27 | 0 | 0 | 0 |


