back

ယူအေအီးက နိုင်ငံ ၆ ခုမှ ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာ (Visa on Arrival) လျှောက်ထားနိုင်ခွင့်ကို တိုးမြှင့်သတ်မှတ်

Jun 28 • 7:17 AM

breaking-news

UAE

Local News

cover

ယူအေအီးက နိုင်ငံ ၆ ခုမှ ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာ (Visa on Arrival) လျှောက်ထားနိုင်ခွင့်ကို တိုးမြှင့်သတ်မှတ်

ယူအေအီးနိုင်ငံသည် ခရီးသွားလုပ်ငန်း၊ စီးပွားရေးနှင့် နိုင်ငံတကာချိတ်ဆက်မှုများ ပိုမိုအားကောင်းလာစေရန်အတွက် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ ကင်ညာနှင့...

ယူအေအီးနိုင်ငံသည် ခရီးသွားလုပ်ငန်း၊ စီးပွားရေးနှင့် နိုင်ငံတကာချိတ်ဆက်မှုများ ပိုမိုအားကောင်းလာစေရန်အတွက် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ ကင်ညာနှင့် တောင်အာဖရိက စသည့် နိုင်ငံ ၆ နိုင်ငံမှ အကျုံးဝင်သော နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများအတွက် ဆိုက်ရောက်ဗီဇာ (Visa on Arrival) တိုးမြှင့်ခွင့်ပြုမည့် အစီအစဉ်ကို လာမည့် ဇူလိုင် ၂၅ ရက်မှစတင်၍ အကောင်အထည်ဖော်သွားမည်ဖြစ်သည်။ အဆိုပါနိုင်ငံများမှ ခရီးသွားများသည် အမေရိကန်၊ ဗြိတိန်၊ အီးယူအဖွဲ့ဝင်နိုင်ငံများ၊ စင်ကာပူ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျ၊ နယူးဇီလန် သို့မဟုတ် ကနေဒါနိုင်ငံတို့မှ တရားဝင် နေထိုင်ခွင့်ဗီဇာ (Residence Permit) သို့မဟုတ် ရေရှည်ဗီဇာ ကိုင်ဆောင်ထားသူများ ဖြစ်ရမည်ဖြစ်ပြီး၊ ၎င်းတို့နှင့်အတူ လိုက်ပါလာမည့် မိသားစုဝင်များပါ ယခုအခွင့်အရေးကို ရရှိမည်ဖြစ်သည်။ သတ်မှတ်ချက်နှင့်ညီညွတ်သော ခရီးသွားများသည် ယူအေအီးသို့ ရောက်ရှိချိန်တွင် ၁၄ ရက်သက်တမ်းရှိ ဆိုက်ရောက်ဗီဇာ (ဒိုင်ဟမ် ၁၀၀ ကျသင့်ပြီး နိုင်ငံတွင်း၌ တစ်ကြိမ်သက်တမ်းတိုးနိုင်) သို့မဟုတ် ရက် ၆၀ သက်တမ်းရှိ ဆိုက်ရောက်ဗီဇာ (ဒိုင်ဟမ် ၂၅၀ ကျသင့်ပြီး သက်တမ်းတိုးခွင့်မရှိ) ဟူ၍ ရွေးချယ်လျှောက်ထားနိုင်ကာ၊ ဗီဇာသက်တမ်းကျော်လွန်ပါက တစ်ရက်လျှင် ဒိုင်ဟမ် ၅၀ နှုန်းဖြင့် ဒဏ်ငွေပေးဆောင်ရမည် ဖြစ်သည်။

news-view-count-icon

7