back

ကမ္ဘောဒီးယားနှင့် လုံခြုံရေးမိတ်ဖက်ထူထောင်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင် ကတိပြု

Jun 28 • 8:22 AM

breaking-news

Cambodia

Local News

cover

ကမ္ဘောဒီးယားနှင့် လုံခြုံရေးမိတ်ဖက်ထူထောင်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင် ကတိပြု

တရုတ်နိုင်ငံအနေဖြင့် အရှေ့တောင်အာရှရှိ ၎င်း၏ အနီးကပ်ဆုံးမိတ်ဖက်နိုင်ငံတစ်ခုဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံနှင့် လုံခြုံရေးမိတ်ဖက်ထူထောင်ရန် အသင့်ရှိကြောင်း ပေကျင်း...

တရုတ်နိုင်ငံအနေဖြင့် အရှေ့တောင်အာရှရှိ ၎င်း၏ အနီးကပ်ဆုံးမိတ်ဖက်နိုင်ငံတစ်ခုဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံနှင့် လုံခြုံရေးမိတ်ဖက်ထူထောင်ရန် အသင့်ရှိကြောင်း ပေကျင်းတွင်ပြုလုပ်သည့် တွေ့ဆုံပွဲ၌ တရုတ်သမ္မတ ရှီကျင့်ဖျင်က ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်ကို ကတိပြုပြောကြားခဲ့ကြောင်း ရှင်းဟွာသတင်းဌာနအရ သိရသည်။ နိုင်ငံတကာနှင့် ဒေသတွင်းအခြေအနေများမှာ ရှုပ်ထွေးပြီး နက်ရှိုင်းသော အပြောင်းအလဲများ ဖြစ်ပေါ်နေသဖြင့် ဒေသတွင်းငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုတည်ငြိမ်စေရန် နှစ်နိုင်ငံ အတူတကွ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ လုပ်ဆောင်သင့်ကြောင်း သမ္မတ ရှီကျင့်ဖျင်က ထည့်သွင်းပြောကြားခဲ့သည်။

news-view-count-icon

5