ကမ္ဘောဒီးယားနိုင်ငံတွင် ကိုဗစ်နောက်ပိုင်း ခရီးသည်ဝင်ရောက်မှု လျော့နည်းနေသော်လည်း လေကြောင်းကုန်စည်ပို့ဆောင်ရေး (Air Cargo) ကဏ္ဍ သိသိသာသာ တိုးတက်လာခြင်းကြောင့် တက်ချိုအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဒေသတွင်း လေကြောင်းနှင့် ထောက်ပံ့ပို့ဆောင်ရေးဗဟိုချက် (Regional Hub) အဖြစ် ပြောင်းလဲပစ်ရန် ကမ္ဘောဒီးယား အရပ်ဘက်လေကြောင်းဦးစီးဌာန (SSCA) က မဟာဗျူဟာမြောက် လမ်းပြမြေပုံတစ်ခုကို ချမှတ်လိုက်သည်။ အဆိုပါ လမ်းပြမြေပုံအရ ကမ္ဘောဒီးယားအစိုးရသည် တက်ချိုလေဆိပ်၌ ကုန်စည်ပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများကို အရှိန်အဟုန်မြှင့် တိုးချဲ့တည်ဆောက်သွားမည့် "Cargo-led growth strategy" ကို ပထမဦးစားပေး အကောင်အထည်ဖော်မည်ဖြစ်ပြီး၊ လေဆိပ်သစ်၏ အားသာချက်များနှင့် ချိတ်ဆက်မှုစွမ်းရည်များကို အသုံးချကာ "Aviation Hub Vision 2035" စီမံကိန်းအရ တက်ချိုလေဆိပ်ကို အာဆီယံဒေသတွင်း အဓိကမောင်းနှင်အားတစ်ခုဖြစ်လာစေရန် ရည်မှန်းဆောင်ရွက်နေခြင်း ဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံ၊ တက်ချို (Techo) အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဒေသတွင်းဗဟိုချက်ဖြစ်စေရန် လမ်းပြမြေပုံချမှတ်
Jun 28 • 3:21 AM
Cambodia
Local News
Share
| 6 | 0 | 0 | 0 |


