back

ရန်ကုန်ရှိ သမိုင်းဝင် ဆေးဝင်္ကဘာ အာလိန်ငါးဆင့်စေတီတော်ကြီးကို ပြန်လည်ပြုပြင်မွမ်းမံပြီးနောက် အများပြည်သူ ဖူးမြော်နိုင်ရန် ပြန်လည်ဖွင့်လှစ်

Jun 28 • 3:08 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်ရှိ သမိုင်းဝင် ဆေးဝင်္ကဘာ အာလိန်ငါးဆင့်စေတီတော်ကြီးကို ပြန်လည်ပြုပြင်မွမ်းမံပြီးနောက် အများပြည်သူ ဖူးမြော်နိုင်ရန် ပြန်လည်ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ မဟာဆေးဝင်္ကဘာကျောင်းတိုက်ကြီးတွင် တည်ထားကိုးကွယ်ထားသည့် ဆေးဝင်္ကဘာ အာလိန်ငါးဆင့်စေတီတော်ကြီးကို အသစ်တဖန် ပြန်လည်ပြုပြင...

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ မဟာဆေးဝင်္ကဘာကျောင်းတိုက်ကြီးတွင် တည်ထားကိုးကွယ်ထားသည့် ဆေးဝင်္ကဘာ အာလိန်ငါးဆင့်စေတီတော်ကြီးကို အသစ်တဖန် ပြန်လည်ပြုပြင်မွမ်းမံပြီးစီးသွားပြီဖြစ်၍ ဇွန်လ ၂၇ ရက်မှစတင်ကာ ရဟန်းရှင်လူ ပြည်သူများကို ပြန်လည်ဖူးမြော်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တပညာက မိန့်ကြားသည်။ အဆိုပါစေတီတော်ကြီးကို လွန်ခဲ့သည့် ၆ နှစ်ကျော်ခန့်ကတည်းက ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ယခုအခါ ပြန်လည်ပွင့်လင်းလာခြင်းဖြစ်သည်။အာလိန်ငါးဆင့်စေတီတော် ရန်ပြေမာန်ပြေဘုံအမြင့်ကို အသစ်တဖန်ပြန်လည်ပြုပြင်မွမ်းမံခြင်း၊ ဘုံအမြင့်ဖွင့်လှစ်ခြင်းနှင့် ဘုံအမြင့်အတွင်းရှိ အောင်စေတီတော်မြတ်အပါအဝင် အရံစေတီ ၃၃ ဆူကို ထီးတော်တင်လှူခြင်း အခမ်းအနားများကို ဇွန်လ ၂၇ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။ လက်ရှိတွင် ဆေးဝင်္ကဘာ အာလိန်ငါးဆင့်စေတီတော်ကြီးကို နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်နိုင်ရန် ဖွင့်လှစ်ပေးထားပြီဖြစ်သည်။

news-view-count-icon

20