မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ဆည်တော်လေးကျေးရွာရှိ ဆည်တော်လေးရေလှောင်တမံအနီးတွင် ကျင်းပသည့် ဆည်တော်လေးရိုးရာနတ်ပွဲ (အမေဆည်ကတော်နတ်ပွဲ) သို့ ယခုနှစ်တွင် ရိုးရာနတ်ကိုးကွယ်ယုံကြည်သူ တစ်သိန်းခန့်အထိ လာရောက်ပါဝင်ဆင်နွှဲခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။ ဒေသတွင်း တည်ငြိမ်မှုရှိလာခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး ပြန်လည်ကောင်းမွန်လာခြင်းတို့ကြောင့် ၃ ရက်တာ ကျင်းပသည့် အဆိုပါပွဲတော်ကာလအတွင်း ယခင်နှစ်များထက် ပိုမိုစည်ကားခဲ့ခြင်းဖြစ်သည်။ အဆိုပါပွဲတော်ကို နှစ်စဉ် ဝါဆိုလဆန်း ၉ ရက်၊ ၁၀ ရက်နှင့် ၁၁ ရက်နေ့များတွင် ကျင်းပလေ့ရှိပြီး မန္တလေးမြို့ဝန်းကျင်၌ ဝါမဝင်ခင် နောက်ဆုံးကျင်းပသည့် နတ်ပွဲကြီးတစ်ခုလည်း ဖြစ်သည်။ လက်ရှိတွင် မန္တလေးအနီးဝန်းကျင်ရှိ သခင်မတောင် မရွှေဥနတ်ပွဲ၊ တောင်သမန် ဘိုးဘိုးကြီးနတ်ပွဲ၊ အမေဂျမ်းနတ်ပွဲနှင့် ရွှေကျွန်းပင်မောင်နှမနတ်ပွဲများ ကျင်းပပြီးစီးခဲ့ပြီဖြစ်ကာ လာမည့် ဝါခေါင်လအတွင်း ကျင်းပမည့် တောင်ပြုန်းပွဲတော်နှင့် ရတနာဂူပွဲတော်တို့အတွက်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြပြီဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ရှိ ဆည်တော်လေးရိုးရာနတ်ပွဲ၌ နတ်ကိုးကွယ်ယုံကြည်သူ တစ်သိန်းခန့်ဖြင့် ဝက်ဝက်ကွဲ စည်ကားခဲ့
Jun 28 • 2:51 AM
Myanmar
Mandalay
Share
| 11 | 0 | 0 | 0 |


