back

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (သိပ္ပံတွဲ)တွင် မန္တလေး၊ကပက(CAE) ကျောင်းမှ ကျောင်းသူလေး မသီရိစိုး စုစုပေါင်းရမှတ် ၅၆၂ မှတ်ဖြင့် တစ်နိုင်ငံလုံး ပထမရရှိ

Jun 28 • 3:04 AM

breaking-news

Myanmar

Local

breaking-news
cover

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (သိပ္ပံတွဲ)တွင် မန္တလေး၊ကပက(CAE) ကျောင်းမှ ကျောင်းသူလေး မသီရိစိုး စုစုပေါင်းရမှတ် ၅၆၂ မှတ်ဖြင့် တစ်နိုင်ငံလုံး ပထမရရှိ

ယနေ့ ထုတ်ပြန်လိုက်သည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (သိပ္ပံဘာသာတွဲ) အမှတ်အများဆုံးရရှိသူ ၁၀ ဦးစာရင်းအရ မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်ရှိ ကပက(CAE) က...

ယနေ့ ထုတ်ပြန်လိုက်သည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (သိပ္ပံဘာသာတွဲ) အမှတ်အများဆုံးရရှိသူ ၁၀ ဦးစာရင်းအရ မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်ရှိ ကပက(CAE) ကိုယ်ပိုင်အထက်တန်းကျောင်းမှ ရခိုင်တိုင်းရင်းသူ မသီရိစိုးသည် စုစုပေါင်းရမှတ် ၅၆၂ မှတ်ဖြင့် တစ်နိုင်ငံလုံးတွင် အမှတ်အများဆုံး (Top 1) ရရှိကာ စံချိန်တင် ထူးချွန်စွာ အောင်မြင်ခဲ့သည်။ မသီရိစိုးသည် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ဟူသည့် ဘာသာရပ်အားလုံးတွင် ၆ ဘာသာဂုဏ်ထူးဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမြင့်ဆုံး ပညာရည်ချွန်ဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပြီး၊ တိုင်းရင်းသူတစ်ဦးအနေဖြင့် ယခုကဲ့သို့ တစ်နိုင်ငံလုံးအဆင့် အမှတ်အများဆုံးဖြင့် ထူးထူးချွန်ချွန် အောင်မြင်ခဲ့မှုအပေါ် မိဘဆွေမျိုးများ၊ ကျောင်းအသိုင်းအဝိုင်းနှင့်အတူ လူထုကြားတွင် အထူးဝမ်းမြောက်ဂုဏ်ယူကာ ချီးကျူးစကားဆိုနေကြကြောင်း သိရသည်။

news-view-count-icon

273