back

မလေးရှားနိုင်ငံတွင် တရားမဝင်နိုင်ငံခြားသားလုပ်သားများကို အဖမ်းအဆီးကြမ်းနေသဖြင့် မြန်မာလုပ်သား ရာနှင့်ချီ ဖမ်းဆီးခံရပြီး အခက်အခဲဖြစ်နေ

Jun 28 • 2:40 AM

breaking-news

Malaysia

Local

cover

မလေးရှားနိုင်ငံတွင် တရားမဝင်နိုင်ငံခြားသားလုပ်သားများကို အဖမ်းအဆီးကြမ်းနေသဖြင့် မြန်မာလုပ်သား ရာနှင့်ချီ ဖမ်းဆီးခံရပြီး အခက်အခဲဖြစ်နေ

မလေးရှားနိုင်ငံတွင် အထောက်အထားမဲ့ တရားမဝင် ဝင်ရောက်လုပ်ကိုင်နေသည့် နိုင်ငံခြားသားအလုပ်သမားများကို အာဏာပိုင်များက စားသောက်ဆိုင်၊ နေအိမ်၊ စက်ရုံနှင့် လုပ်ငန်းခွင်...

မလေးရှားနိုင်ငံတွင် အထောက်အထားမဲ့ တရားမဝင် ဝင်ရောက်လုပ်ကိုင်နေသည့် နိုင်ငံခြားသားအလုပ်သမားများကို အာဏာပိုင်များက စားသောက်ဆိုင်၊ နေအိမ်၊ စက်ရုံနှင့် လုပ်ငန်းခွင်များအထိ နေ့စဉ်ရက်ဆက် ဝင်ရောက်စီးနင်း ရှာဖွေဖမ်းဆီးလျက်ရှိရာ ဇွန်လအတွင်း ကလေးငယ်များအပါအဝင် မြန်မာလုပ်သား ရာနှင့်ချီ ဖမ်းဆီးထိန်းသိမ်းခံထားရသည်။ ဇွန်လနောက်ဆုံးပတ်အတွင်း ပေါ့ကလန်း၊ ဂျိုးဟိုးနှင့် စကူဒိုင်းဒေသတို့၌ ဖြစ်ပွားခဲ့သော စစ်ဆေးမှုများကြောင့် မြန်မာလုပ်သား အများအပြား ဆက်တိုက်ဖမ်းဆီးခံခဲ့ရပြီး၊ မကြာမီ ရွေးကောက်ပွဲကျင်းပတော့မည်ဖြစ်၍ ယခုကဲ့သို့ ဖမ်းဆီးမှုများ ပိုမိုပြင်းထန်လာခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူအချို့မှာ ဒေသအလိုက် မလေးရှားရင်းဂစ် ၇,၀၀၀ မှ ၈,၅၀၀ ခန့်အထိ ပေးဆောင်၍ ပြန်လည်ရွေးထုတ်နိုင်ခဲ့သော်လည်း အများစုမှာ ထိန်းသိမ်းရေးစခန်းများသို့ ပို့ဆောင်ခံနေရပြီး၊ လက်ရှိတွင် အဖမ်းအဆီးကြမ်းလွန်းသဖြင့် အထောက်အထားမဲ့ မြန်မာလုပ်သားများမှာ အလုပ်မှထွက်ခြင်းနှင့် တိမ်းရှောင်ခြင်းများ ပြုလုပ်ကာ ကြီးလန့်စာစား ဘဝဖြင့် ဒုက္ခရောက်နေကြသည်။ ဖမ်းဆီးခံရသူများကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေဖြင့် အရေးယူကာ ပြစ်ဒဏ်စေ့ပါက နေရပ်ပြန်ပို့မည်ဖြစ်ပြီး၊ ဇွန် ၉ ရက်မှ ၂၆ ရက်နေ့အတွင်း ပြစ်ဒဏ်စေ့လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား ၁,၀၀၀ နီးပါးကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။

news-view-count-icon

14