back

ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုများ ပြန်အပ်မည်ဟု အူဆက်ခ် အတည်ပြု

Jun 28 • 2:38 AM

breaking-news

Myanmar

International

cover

ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုများ ပြန်အပ်မည်ဟု အူဆက်ခ် အတည်ပြု

အသက် ၃၉ နှစ်အရွယ် ယူကရိန်းနိုင်ငံသား နာမည်ကျော်လက်ဝှေ့သမား အိုလက်ဇန်းဒါး အူဆက်ခ် (Oleksandr Usyk) က ၎င်းရရှိထားသည့် ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုများကို ပြန်လည...

အသက် ၃၉ နှစ်အရွယ် ယူကရိန်းနိုင်ငံသား နာမည်ကျော်လက်ဝှေ့သမား အိုလက်ဇန်းဒါး အူဆက်ခ် (Oleksandr Usyk) က ၎င်းရရှိထားသည့် ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုများကို ပြန်လည်အပ်နှံတော့မည်ဖြစ်ကြောင်း လူမှုကွန်ရက်တွင် အတည်ပြု ရေးသားခဲ့သည်။ သို့သော် ယင်းမှာ ကစားသမားဘဝ အဆုံးသတ်ခြင်းမဟုတ်ဘဲ လက်ဝှေ့လောကမှ အနားယူဦးမည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။ပရိုကစားသမားဘဝတွင် ၂၅ ပွဲထိုး၊ ၂၅ ပွဲစလုံးအနိုင်ရရှိကာ ရှုံးပွဲလုံးဝမရှိသေးသည့် အူဆက်ခ်သည် လက်ရှိ၌ WBA၊ WBC နှင့် IBF ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုများကို ပိုင်ဆိုင်ထားသူဖြစ်သည်။ ၎င်းက ယခုကဲ့သို့ ချန်ပီယံဆုများကို လက်လွှတ်ပေးလိုက်ခြင်းကြောင့် မျိုးဆက်သစ်လက်ဝှေ့သမားများ ချန်ပီယံဖြစ်လာစေရန် အခွင့်အရေး ရရှိသွားမည်ဖြစ်ပြီး၊ မိမိအတွက်လည်း အခွင့်အလမ်းသစ်များ ဖြစ်လာစေနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့် မေလအတွင်းက နောက်ဆုံးထိုးသတ်ခဲ့သည့်ပွဲတွင် နယ်သာလန် ကစ်ဘောက်ဆင်ကစားသမား ဗာဟိုဗန် (Rico Verhoeven) ကို အနိုင်ရရှိထားသည့် အူဆက်ခ်က ၎င်းအနေဖြင့် အနားမယူမီ နောက်ထပ်ပွဲစဉ် ၂ ပွဲခန့် ထပ်မံထိုးသတ်လိုသေးကြောင်း ဆန္ဒပြုထားသည်။ ၎င်းသည် ခရူဆာဝိတ်တန်း (Cruiserweight) တွင် အောင်မြင်မှုများစွာ ရရှိခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်၌ ဟဲဗီးဝိတ်တန်းသို့ ပြောင်းလဲယှဉ်ပြိုင်ခဲ့ကာ ဗြိတိန်နာမည်ကျော် ကမ္ဘာ့ချန်ပီယံများဖြစ်ကြသည့် အန်သိုနီ ဂျော့ရှူအာ (Anthony Joshua) နှင့် တိုင်ဆန်ဖြူရီ (Tyson Fury) တို့ကို အနိုင်ယူပြီး အငြင်းပွားဖွယ်မရှိ (Undisputed) ဟဲဗီးဝိတ်တန်း ချန်ပီယံဆုအားလုံးကို ၂ ကြိမ်တိုင်တိုင် စိုးမိုးနိုင်ခဲ့သူဖြစ်သည်။

news-view-count-icon

16