back

နေပြည်တော်၌ နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ (UN) အေဂျင်စီများမှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

Jun 28 • 2:05 AM

breaking-news

Myanmar

Naypyidaw

cover

နေပြည်တော်၌ နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ (UN) အေဂျင်စီများမှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး/ လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးန...

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး/ လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂအေဂျင်စီများမှ ကိုယ်စားလှယ်များကို ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန စတုရင်္ဂဗလခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများ၊ အစိုးရ၏ ရှေ့လုပ်ငန်းစဉ်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ခေါ်ထားမှုများကို ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းပြင် အကူအညီလိုအပ်နေသော ပြည်သူများထံသို့ လူသားချင်းစာနာမှု အကူအညီများ ထိရောက်စွာရောက်ရှိရန်အတွက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အပြုသဘောဆောင်ပြီး နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှုမရှိသော ကြားနေမူဝါဒဖြင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။အစိုးရအနေဖြင့် လူသားချင်းစာနာမှုအကူအညီများကို ခွဲခြားမှုမရှိဘဲ အမှန်တကယ်လိုအပ်သူများထံ ဖြန့်ဝေပေးနိုင်ရေး အလေးထားဆောင်ရွက်နေပြီး၊ လုံခြုံရေးဆောင်ရွက်ပေးနိုင်သည့် ဒေသအားလုံးသို့ သွားရောက်ခွင့်ပေးကာ ခရီးသွားလာရေးလုံခြုံရေးကိုလည်း စီစဉ်ပေးနေကြောင်း၊ ထို့ကြောင့် ကုလသမဂ္ဂအေဂျင်စီများအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် စဉ်ဆက်မပြတ် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ယင်းနောက် တက်ရောက်လာကြသည့် UNICEF၊ UNHCR၊ UN Women၊ IOM၊ UNOCHA၊ WHO၊ UNFPA၊ UNOPS၊ WFP၊ FAO နှင့် UNDP စသည့် ကုလသမဂ္ဂအေဂျင်စီအသီးသီးမှ ကိုယ်စားလှယ်များနှင့် ရုံးအကြီးအကဲများက မြန်မာနိုင်ငံအတွင်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ကိစ္စရပ်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

news-view-count-icon

19