စစ်သင်္ဘော "ချီးကျိကွမ်း" နှင့် "ခွန်းလွန်ဆန်း" တို့ဖြင့် ဖွဲ့စည်းထားသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရေတပ် (PLAN) အမှတ် ၈၃ ရေယာဉ်တပ်ဖွဲ့သည် ရုရှားနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်ကို အောင်မြင်စွာ အဆုံးသတ်ခဲ့ပြီးနောက်၊ ပင်လယ်ပြင်ခရီးဝေး လက်တွေ့လေ့ကျင့်ခန်း ခရီးစဉ်မစ်ရှင်များကို ဆက်လက်လုပ်ဆောင်ရန် ဇွန် ၂၇ ရက်တွင် ဗလာဒီဗော့စတော့ခ်ဆိပ်ကမ်းမှ ထွက်ခွာခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရသည်။ ဇွန် ၂၇ ရက် နံနက်ပိုင်းက ကျင်းပသည့် နှုတ်ဆက်ပွဲအခမ်းအနားသို့ ဗလာဒီဗော့စတော့ခ်မြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ ဝန်ထမ်းများ၊ ဒေသခံတရုတ်လူမျိုးများနှင့် တရုတ်နွယ်ဖွားများ၊ တရုတ်ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းများနှင့် ပညာတော်သင်ကျောင်းသား ကိုယ်စားလှယ်များအပြင် ရုရှားရေတပ် အရာရှိစစ်သည်များက လာရောက်ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။ ၅ ရက်ကြာ ခရီးစဉ်အတွင်း ရေယာဉ်တပ်ဖွဲ့ ကွပ်ကဲရေးမှူးနှင့်အဖွဲ့သည် ရုရှားရေတပ်အကယ်ဒမီကျောင်း တာဝန်ရှိသူများ၊ ဗလာဒီဗော့စတော့ခ်မြို့တော် အစိုးရအရာရှိများနှင့် ဂါရဝပြုတွေ့ဆုံခဲ့ပြီး၊ တရုတ်အရာရှိစစ်သည်များနှင့် ရေတပ်ကျောင်းသားများသည် ရုရှားရေတပ်သင်္ဘောများနှင့် နခီမော့ဗ်ရေတပ်ကျောင်းခွဲများသို့ သွားရောက်ကာ ပညာရပ်ဆိုင်ရာ ဖလှယ်မှုများနှင့် ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲများကို အတူတကွ ဆင်နွှဲခဲ့ကြသည်။
Jun 28 • 1:53 AM
China
Local News
Share
| 7 | 0 | 0 | 0 |


