တရုတ်နိုင်ငံ၏ အမြင့်ဆုံးဥပဒေပြုအဖွဲ့ဖြစ်သော အမျိုးသားပြည်သူ့လွှတ်တော်ရှိ ရာထူးနေရာများမှ ထိပ်တန်းဗိုလ်ချုပ်ကြီးများ အပါအဝင် စစ်ဘက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် ၆ ဦး၊ ဘဏ္ဍာရေးကြီးကြပ်ကွပ်ကဲမှုကော်မတီ ဥက္ကဋ္ဌဟောင်း လီယွန်းကျဲနှင့် မကြာသေးမီက စုံစမ်းစစ်ဆေးခံခဲ့ရသည့် ပေါ်လစ်ဗြူရိုအဖွဲ့ဝင် မာရှင်းရွီတို့ကို ဇွန် ၂၆ ရက်တွင် ဖယ်ရှားလိုက်ကြောင်း ဆင်ဟွာသတင်းဌာနကို ကိုးကား၍ ရိုက်တာသတင်းက ဖော်ပြသည်။ ရာထူးမှ ဖယ်ရှားခံရသည့် စစ်ဘက်ကိုယ်စားလှယ်များထဲတွင် ဗဟိုစစ်ကော်မရှင်၏ စစ်လက်နက်ပစ္စည်းဖွံ့ဖြိုးတိုးတက်ရေးဌာနနှင့် တရုတ်အာကာသစီမံကိန်း အကြီးအကဲ ဗိုလ်ချုပ်ကြီး ရှူရှီးချန်၊ အနောက်ပိုင်းစစ်ဌာနချုပ် နိုင်ငံရေးမှူး ဗိုလ်ချုပ်ကြီး လီဖုန်းပေါင်၊ လေတပ်နိုင်ငံရေးမှူး ဗိုလ်ချုပ်ကြီး ကော်ဖူရှောင်၊ အရှေ့ပိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်ချုပ်ကြီး ဝမ်ကန်းဖင်၊ ဆိုက်ဘာအာကာသတပ်ဖွဲ့မှ ဒုတိယဗိုလ်ချုပ်ကြီး ကျန်းမင်ဟွာနှင့် ကြည်းတပ်မှ ဒုတိယဗိုလ်ချုပ်ကြီး ယင်ဟုန်ရှင်းတို့ ပါဝင်သည်။ ယင်းသို့ ရာထူးမှ ဖယ်ရှားရခြင်း၏ အကြောင်းရင်းကို တရားဝင် ဖော်ပြထားခြင်းမရှိသော်လည်း၊ ယခုဖြစ်စဉ်မှာ သမ္မတ ရှီကျင်းပင်၏ အဆင့်မြင့်အရာရှိကြီးများနှင့် ထိပ်တန်းဗိုလ်ချုပ်ကြီးများကို ပစ်မှတ်ထားသည့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးလှုပ်ရှားမှု၏ နောက်ဆုံးပေါ်ပေါက်လာသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သိရသည်။
Jun 28 • 1:52 AM
China
Local News
Share
| 8 | 0 | 0 | 0 |


