back

ဧရာဝတီတိုင်း၌ တစ်နှစ်အတွင်း မူးယစ်အမှုပေါင်း ၁၈၃ မှုမှ တရားခံ ၃၀၉ ဦး ဖမ်းဆီးရမိ

Jun 28 • 1:54 AM

breaking-news

Myanmar

Ayeyarwady

cover

ဧရာဝတီတိုင်း၌ တစ်နှစ်အတွင်း မူးယစ်အမှုပေါင်း ၁၈၃ မှုမှ တရားခံ ၃၀၉ ဦး ဖမ်းဆီးရမိ

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ် ဇူလိုင်လမှ ၂၀၂၆ ခုနှစ် ဇွန်လအထိ တစ်နှစ်တာကာလအတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၁၈၃ မှု ပေါ်ပေါက်ခဲ့ပြီး အမျိုးသား ၂၈၃ ဦးနှင့် အ...

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ် ဇူလိုင်လမှ ၂၀၂၆ ခုနှစ် ဇွန်လအထိ တစ်နှစ်တာကာလအတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၁၈၃ မှု ပေါ်ပေါက်ခဲ့ပြီး အမျိုးသား ၂၈၃ ဦးနှင့် အမျိုးသမီး ၂၆ ဦး၊ စုစုပေါင်း တရားခံ ၃၀၉ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ယမန်နေ့က ပုသိမ်မြို့တော်ခန်းမ၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမှ သိရသည်။ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ အိုက်စ် (Ice) ၄,၀၀၀ ကီလိုဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၄,၀၀၃ ပြား၊ ဆေးခြောက် ၁,၉၄၀ ဂရမ် အပါအဝင် ဘိန်းဖြူ၊ အဖက်တမင်းနှင့် Happy Water အနည်းငယ်စီတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း အမှတ် (၄၉) မူးယစ်တပ်ဖွဲ့စုမှ ရဲမှူး၏ ပြောကြားချက်အရ သိရသည်။

news-view-count-icon

11