တရုတ်နိုင်ငံ၊ ပေကျင်းမြို့လယ် စီးပွားရေးဗဟိုဌာနရှိ အမြင့်ဆုံး မိုးမျှော်တိုက်ဖြစ်သော Citic Tower (China Zun) ကို ဇွန်လ ၂၆ ရက် ညနေ ၆ နာရီခန့်တွင် လေယာဉ်မောင်းသင်တန်းကျောင်းတစ်ခု၌ မှတ်ပုံတင်ထားသည့် လေယာဉ်ငယ်တစ်စင်း ဝင်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ဝင်တိုက်မှုကြောင့် အဆောက်အအုံတွင် အပေါက်ကြီးတစ်ခုဖြစ်ကာ ခဏတာ မီးလောင်ကျွမ်းခဲ့ပြီး၊ ပြတင်းပေါက်များနှင့် လေယာဉ်အမြီးပိုင်း အပါအဝင် အပျက်အစီးများ လမ်းမပေါ်သို့ ပြုတ်ကျလာသဖြင့် လမ်းသွားလမ်းလာများ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရသည်။ လတ်တလောတွင် ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်နှင့် လေယာဉ်မောင်းသူ၏ အခြေအနေကို ချက်ချင်း အတည်မပြုနိုင်သေးဘဲ ဖြစ်စဉ်မှာ မတော်တဆမှုလား သို့မဟုတ် ရည်ရွယ်ချက်ရှိရှိလား ဆိုသည်ကို မရှင်းလင်းသေးသည့်အပြင်၊ တရုတ်အစိုးရ အာဏာပိုင်များကလည်း ယင်းဖြစ်စဉ်နှင့် ပတ်သက်သည့် ဆိုရှယ်မီဒီယာပို့စ်များကို အွန်လိုင်းပေါ်မှ ဖယ်ရှားကန့်သတ်ထားကြောင်း သိရသည်။
Jun 27 • 9:53 AM
China
Local News
Share
| 5 | 0 | 0 | 0 |


