ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ လတ်ကရာဗန်းခရိုင်အတွင်းရှိ ချာလောင်ကရွန်လမ်းပေါ်တွင် ဇွန်လ ၂၆ ရက် ညနေပိုင်းက လေဆင်နှာမောင်းသဏ္ဌာန် ပြင်းထန်သော မိုးသက်လေပြင်း ကျရောက်ခဲ့မှုကြောင့် လမ်းဝဲယာရှိ လျှပ်စစ်ဓာတ်တိုင် ၄၀ ခန့် လဲပြိုကာ လမ်းကြောင်းပိတ်ဆို့မှုဖြစ်ပွားပြီး ဒေသတစ်ခုလုံးတွင် လျှပ်စစ်မီးနှင့် အင်တာနက်လိုင်းများ ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်ကြောင့် နေအိမ်အများအပြား အမိုးလန်ပျက်စီးခဲ့သည့်အပြင် ယာဉ်အစီးရေ ၃၀ ခန့် ထိခိုက်ပျက်စီးခဲ့ပြီး၊ ကားအတွင်း ပိတ်မိနေသူများ အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးကို ကယ်ဆယ်ရေးအဖွဲ့များက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကာ လက်ရှိတွင် မြို့တော်လျှပ်စစ်အာဏာပိုင်အဖွဲ့က မီးပြန်လည်ရရှိရန် အချိန်လု ဖယ်ရှားရှင်းလင်းလျက်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ဘန်ကောက်တွင် မိုးသက်လေပြင်းတိုက်ခတ်၍ ဓာတ်တိုင် ၄၀ ခန့် လဲပြိုပြီး လျှပ်စစ်မီးနှင့် အင်တာနက်လိုင်းများ ပြတ်တောက်
Jun 27 • 9:54 AM
Thailand
Local News
Share
| 16 | 0 | 0 | 0 |


