back

ပြည်တွင်း၌ မျိုးအာလူးမလုံလောက်သဖြင့် ပြည်ပမှ မျိုးအာလူးတန်ချိန် ၂၀၀ ခန့် နှစ်စဉ် တင်သွင်းနေရ

Jun 27 • 9:52 AM

breaking-news

Myanmar

Local

cover

ပြည်တွင်း၌ မျိုးအာလူးမလုံလောက်သဖြင့် ပြည်ပမှ မျိုးအာလူးတန်ချိန် ၂၀၀ ခန့် နှစ်စဉ် တင်သွင်းနေရ

ပြည်တွင်း၌ အာလူးစိုက်ပျိုးထုတ်လုပ်ရန် အရည်အသွေးကောင်း မျိုးအာလူး လုံလောက်စွာမရှိသဖြင့် နယ်သာလန်၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ နှစ်စဉ် မျိုးအာလူးတန်ချိန် ၁၀၀ ...

ပြည်တွင်း၌ အာလူးစိုက်ပျိုးထုတ်လုပ်ရန် အရည်အသွေးကောင်း မျိုးအာလူး လုံလောက်စွာမရှိသဖြင့် နယ်သာလန်၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ နှစ်စဉ် မျိုးအာလူးတန်ချိန် ၁၀၀ နှင့် ၂၀၀ ကြား တင်သွင်းနေရဆဲဖြစ်ကြောင်း နောင်တရားအာလူးစိုက်တောင်သူအသင်းမှ သိရသည်။ ရှမ်းပြည်နယ်တွင် အာလူးအအေးခန်းစက်ရုံများ တည်ဆောက်၍ မျိုးအာလူးများကို ထိန်းသိမ်းနိုင်ခဲ့ခြင်းကြောင့် ပြည်ပမှ တင်သွင်းရမှု ယခင်ကထက် လျော့ကျလာခြင်းဖြစ်ပြီး၊ လက်ရှိလုပ်ဆောင်နေသော တစ်သျှူးနည်းပညာဖြင့် မျိုးပွားခြင်းလုပ်ငန်းစဉ်များ ပြီးစီးပါက ပြည်ပတင်သွင်းမှု ပိုမိုလျော့ကျသွားမည်ဖြစ်ကြောင်းနှင့် နှစ်စဉ် အာလူးတန်ချိန် ၄ သိန်းဝန်းကျင် ထွက်ရှိသည့် နောင်တရားဒေသမှ ကုန်စည်များကို ရန်ကုန်၊ မန္တလေးနှင့် နိုင်ငံတစ်ဝန်းသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

news-view-count-icon

25