back

Memory ကုန်ကျစရိတ် မြင့်တက်လာမှုကြောင့် MacBook နှင့် iPad များ Apple ဈေးနှုန်းမြှင့်တင်

Jun 27 • 9:51 AM

breaking-news

Myanmar

International

cover

Memory ကုန်ကျစရိတ် မြင့်တက်လာမှုကြောင့် MacBook နှင့် iPad များ Apple ဈေးနှုန်းမြှင့်တင်

ကမ္ဘာတစ်ဝန်းတွင် Memory ပြတ်လပ်ပြီး ကုန်ကျစရိတ်များ မြင့်တက်လာခြင်းကြောင့် Apple ကုမ္ပဏီက MacBook နှင့် iPad ထုတ်ကုန်များ၏ ဈေးနှုန်းကို မြှင့်တင်လိုက်ရာ 512 GB ...

ကမ္ဘာတစ်ဝန်းတွင် Memory ပြတ်လပ်ပြီး ကုန်ကျစရိတ်များ မြင့်တက်လာခြင်းကြောင့် Apple ကုမ္ပဏီက MacBook နှင့် iPad ထုတ်ကုန်များ၏ ဈေးနှုန်းကို မြှင့်တင်လိုက်ရာ 512 GB ရှိ MacBook Air မှာ ၁၀၉၉ ဒေါ်လာမှ ၁၂၉၉ ဒေါ်လာသို့လည်းကောင်း၊ MacBook Pro မှာ ၁၆၉၉ ဒေါ်လာမှ ၁၉၉၉ ဒေါ်လာသို့လည်းကောင်း ဈေးနှုန်းများ မြင့်တက်သွားကြောင်း Apple ဝက်ဘ်ဆိုက်နှင့် Reuters သတင်းများအရ သိရသည်။ ယခုကဲ့သို့ ဈေးနှုန်းမြှင့်တင်ရခြင်းမှာ ရှောင်လွှဲ၍မရသော အခြေအနေဖြစ်ပြီး ကုန်ကျစရိတ်တက်လာမှုကို သုံးစွဲသူများထံ တိုက်ရိုက်မရောက်အောင် တတ်နိုင်သမျှ ကာကွယ်ပေးခဲ့သော်လည်း လက်ရှိတွင် ဆက်လက်ထိန်းထားရန် မဖြစ်နိုင်တော့ကြောင်း Apple ၏ CEO တင်မ်ကွတ်ခ်က ပြောကြားခဲ့သည်။

news-view-count-icon

30