ကုလသမဂ္ဂက သတ်မှတ်ထားသည့် ဇွန်လ ၂၇ ရက် World MSME Day အထိမ်းအမှတ်အဖြစ် ဒေသအဆင့်၊ ပြည်ထောင်စုအဆင့်နှင့် အာဆီယံအဆင့် ပြပွဲ၊ ပြိုင်ပွဲများတွင် ဆုများရရှိထားကြသည့် ထူးချွန် MSME လုပ်ငန်း ၁၁၉ ခု၏ အမည်စာရင်းကို ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။ အဆိုပါ ထူးချွန်စာရင်းတွင် အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများနှင့် ဒေသတစ်ခု ထုတ်ကုန်တစ်ခု (ODOP) အစီအစဉ်မှ လုပ်ငန်းများ ပါဝင်ပြီး၊ နိုင်ငံတော်အနေဖြင့် MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ပုံငွေ ကျပ် ၁၇၀ ဘီလီယံ ထူထောင်ကာ ကုန်ကြမ်း၊ အရင်းအနှီးနှင့် လူ့စွမ်းအားအရင်းအမြစ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
| 21 | 0 | 0 | 0 |


