ရန်ကုန်-မော်လမြိုင်-ရန်ကုန် DEMU ရထားလက်မှတ်များကို အွန်လိုင်းမှတစ်ဆင့် ဝယ်ယူရာတွင် ယခင်ရက်ပိုင်းက လိုင်းကြပ်၍ ဝင်ရောက်ရခက်ခဲသည့် ပြဿနာများရှိခဲ့သော်လည်း လက်ရှိတွင် ပြန်လည်ပြင်ဆင်ထားသဖြင့် အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း ရထားစီးခရီးသည်များထံမှ သိရသည်။ ဘူတာရုံများတွင် လက်မှတ်များကို အနီးကပ်သွားရောက်ဝယ်ယူပါက မှောင်ခိုဈေးဖြင့် ဈေးနှုန်းကြီးမြင့်စွာ ပေးရလေ့ရှိသောကြောင့် အွန်လိုင်းမှတစ်ဆင့် ရက်ကြိုတင်၍ ပုံမှန်ဈေးနှုန်းမှန်ဖြင့် ဝယ်ယူရန် ခရီးသည်များက အကြံပြုထားကြသည်။
Jun 27 • 9:30 AM
Myanmar
Mon
Share
| 20 | 0 | 0 | 0 |


