ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာရှိ လျှပ်စစ်ရုံးဝန်ထမ်း လင်းပြည့်စုံဦး ဆိုသူသည် ဒေသခံများထံမှ လစဉ်မီတာခများကို Kpay နှင့် လက်ငင်းငွေသားဖြင့် ကောက်ခံကာ လိမ်လည်ထွက်ပြေးသွားသဖြင့် အိမ်ခြေအများအပြားတွင် ၄ လစာအထိ မီတာခအကြွေးများ တင်ကျန်ပြီး နစ်နာမှုများ ကြုံတွေ့နေရကြောင်း သိရသည်။ နစ်နာသူများအနေဖြင့် ၂၀၂၆ ခုနှစ် အစပိုင်းမှစ၍ မီတာပြေစာ ဖြတ်ပိုင်းများ မရရှိခဲ့သဖြင့် မီတာရုံးသို့ သွားရောက်ရှင်းလင်းခဲ့သော်လည်း တာဝန်ခံဆောင်ရွက်ပေးသည့် ကုမ္ပဏီဘက်က တာဝန်ယူဖြေရှင်းပေးခြင်း မရှိကြောင်း သိရသည်။ ထို့ပြင် အေးသာယာနှင့် တောင်ကြီးတို့တွင် လျှပ်စစ်တာဝန်ယူထားသည့် လင်းသီဟကုမ္ပဏီအနေဖြင့် မီတာများကို လစဉ်လာရောက်မဖတ်ဘဲ စိတ်မှန်းဖြင့် တွက်ချက်နေသဖြင့် ယူနစ်ကွာဟချက်များကြောင့် သုံးစွဲသူများ ထိခိုက်နစ်နာနေရကြောင်း ဒေသခံများက ပြောဆိုသည်။
ရှမ်းပြည်နယ်၊ အေးသာယာ လျှပ်စစ်ရုံးဝန်ထမ်းတစ်ဦး မီတာခများ လိမ်လည်ထွက်ပြေးသဖြင့် အိမ်ရှင်အများအပြား နစ်နာမှုဖြစ်ပွား
Jun 27 • 9:29 AM
Myanmar
Shan
Share
| 18 | 0 | 0 | 0 |


