ဘန်ကောက်မြို့တော်ရှိ လမ်းပေါ်က ယာဉ်ကြောပိတ်ဆို့မှုများကို လျှော့ချရန်နှင့် ပိုမိုဘေးကင်းမြန်ဆန်သော ရေကြောင်းသယ်ယူပို့ဆောင်ရေးစနစ် ရရှိစေရန်အတွက် ခလောင်ဖာစီချာရွန် တူးမြောင်းတွင် ကျောင်းကြိုပို့ မော်တော်ဘုတ်နှင့် တက္ကစီ မော်တော်ဘုတ်များ စမ်းသပ်ပြေးဆွဲရန် ထိုင်းပို့ဆောင်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ညှိနှိုင်းစီစဉ်နေကြောင်း သိရသည်။ ကျောင်းကြိုပို့မော်တော်ဘုတ် အစီအစဉ်သည် တူးမြောင်းတစ်လျှောက်ရှိ ကျောင်းပေါင်း ၁၆ ကျောင်းမှ ကျောင်းသားများအတွက် ရည်ရွယ်ပြီး၊ တက္ကစီမော်တော်ဘုတ် အစီအစဉ်မှာမူ ဘန်ဝါ ဘီတီအက်စ် ရထားဘူတာမှစတင်၍ ဝတ်ပတ်နမ် ဘုရားကျောင်းနှင့် ခလောင်ဘန်လွမ် ရေပေါ်ဈေး အပါအဝင် ခရီးသွားဆွဲဆောင်မှုရှိသော နေရာများကို ချိတ်ဆက်ပြေးဆွဲပေးခြင်းဖြင့် ရထား၊ လမ်း၊ ရေကြောင်း သယ်ယူပို့ဆောင်ရေးကို ပိုမိုချိတ်ဆက်မိစေရန် ရည်ရွယ်ကာ စီမံကိန်းနှစ်ခုလုံးကို မပြေးဆွဲမီ ဖြစ်နိုင်ခြေလေ့လာမှုများ အရင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဘန်ကောက် တူးမြောင်းတွင် ကျောင်းကြိုပို့ မော်တော်ဘုတ်နှင့် တက္ကစီ မော်တော်ဘုတ် စမ်းသပ်ပြေးဆွဲရန် စီစဉ်
Jun 27 • 9:28 AM
Thailand
Local News
Share
| 10 | 0 | 0 | 0 |


