back

မွန်ပြည်နယ်၊မော်လမြိုင် တောင်ဝိုင်းရထားသံလမ်းတွင် Hijet ယာဉ်နှင့် ရထားစက်ခေါင်း တိုက်မိ၊ ယာဉ်မောင်းတစ်ဦး ဒဏ်ရာရ

Jun 27 • 9:27 AM

breaking-news

Myanmar

Mon

cover

မွန်ပြည်နယ်၊မော်လမြိုင် တောင်ဝိုင်းရထားသံလမ်းတွင် Hijet ယာဉ်နှင့် ရထားစက်ခေါင်း တိုက်မိ၊ ယာဉ်မောင်းတစ်ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ တောင်ဝိုင်းလမ်းမကြီးရှိ ရထားသံလမ်းဖြတ်ဂိတ်တွင် ယနေ့ (ဇွန်လ ၂၇ ရက်) နံနက် ၅ နာရီ ၅၅ မိနစ်ခန့်က ဈေးကြိုဘက်မှ မော်လမြိုင်တက္ကသိုလ်ဘက်...

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ တောင်ဝိုင်းလမ်းမကြီးရှိ ရထားသံလမ်းဖြတ်ဂိတ်တွင် ယနေ့ (ဇွန်လ ၂၇ ရက်) နံနက် ၅ နာရီ ၅၅ မိနစ်ခန့်က ဈေးကြိုဘက်မှ မော်လမြိုင်တက္ကသိုလ်ဘက်သို့ မောင်းနှင်လာသည့် Hijet ယာဉ်တစ်စီးနှင့် ရန်ကုန်ဘက်သို့ ထွက်ခွာမည့် ရထားစက်ခေါင်းတို့ တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်မိမှုကြောင့် Hijet ယာဉ်မောင်း အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က အရေးပေါ်ရှေးဦးပြုစုပေးကာ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

13