အဇာဘိုင်ဂျန်နိုင်ငံတွင် လာမည့် အောက်တိုဘာ ၂၂ ရက်မှ ၃၁ ရက်အထိ ကျင်းပမည့် FIFA ယူ-၁၅ ကမ္ဘာ့ဖလားနှင့် ဘောလုံးပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ တရားဝင် ဖိတ်ကြားချက်အရ မြန်မာယူ-၁၅ အမျိုးသားဘောလုံးအသင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ကြေညာထားသည်။ တစ်သင်းလျှင် ၈ ယောက်စီဖြင့် မိနစ် ၂၀ စီ နှစ်ပိုင်း ကစားရမည့် အဆိုပါပြိုင်ပွဲအတွက် ပဏာမကစားသမားများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ရွက်ပုန်းသီးလူငယ်များအထိ စနစ်တကျ ရွေးချယ်သွားမည်ဖြစ်ပြီး၊ ပြိုင်ပွဲစနစ်အရ ပထမအဆင့်တွင် အုပ်စု ၃၂ စုခွဲကာ ပတ်လည်ကစားပြီးနောက် အသင်းအားလုံး ဒုတိယအဆင့်သို့ ဆက်လက်တက်ရောက်ကာ နောက်ဆုံးရက်အထိ အဆင့်အလိုက် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
Jun 27 • 9:25 AM
Myanmar
Local
Share
| 22 | 0 | 0 | 0 |


