မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်းအတွင်းသို့ ဧရာဝတီမြစ်ရေ စတင်ဝင်ရောက်လာပြီး ရေပြည့်လာသဖြင့် သဘာဝရှုခင်းကြည့် အပန်းဖြေလှေစီးခရီးစဉ်များကို ဇွန်လ ၂၅ ရက်မှစတင်၍ ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း တောင်သမန်ငှက်လှေအသင်းထံမှ သိရသည်။ အဆိုပါအင်းသည် မိုးရာသီကာလတွင် ဦးပိန်တံတားကြမ်းခင်းအထိ ရေမြင့်တက်လေ့ရှိပြီး နှစ်စဉ် လှေအစီးရေ ၅၀ ခန့်ဖြင့် လှေစီးဝန်ဆောင်မှုပေးလျက်ရှိရာ လက်ရှိတွင် ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်လည်ပတ်နေကြပြီး လှေစီးခအနေဖြင့် ခရီးစဉ်အမျိုးအစားပေါ်မူတည်၍ ကျပ် ၁၅,၀၀၀ နှင့်အထက် ကျသင့်ကြောင်း သိရသည်။
Jun 27 • 7:37 AM
Myanmar
Mandalay
Share
| 13 | 0 | 0 | 0 |


