back

JLPT ဝင်ခွင့်ကတ်ပါ အမည်နှင့် မွေးသက္ကရာဇ် မှားယွင်းသူများ စာမေးပွဲဖြေဆိုပြီးမှသာ ကိုယ်တိုင်လာရောက်ပြင်ဆင်ရန် MAJA အသိပေး

Jun 27 • 7:35 AM

breaking-news

Myanmar

Local

cover

JLPT ဝင်ခွင့်ကတ်ပါ အမည်နှင့် မွေးသက္ကရာဇ် မှားယွင်းသူများ စာမေးပွဲဖြေဆိုပြီးမှသာ ကိုယ်တိုင်လာရောက်ပြင်ဆင်ရန် MAJA အသိပေး

၂၀၂၆ ခုနှစ် ဇူလိုင်လ ၅ ရက်တွင် ကျင်းပမည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အတွက် ဝင်ခွင့်ကတ်ပြား (Test Voucher) ပါ အမည်နှင့် မွေးသက္ကရာဇ် အချက်အလက်များ မှာ...

၂၀၂၆ ခုနှစ် ဇူလိုင်လ ၅ ရက်တွင် ကျင်းပမည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အတွက် ဝင်ခွင့်ကတ်ပြား (Test Voucher) ပါ အမည်နှင့် မွေးသက္ကရာဇ် အချက်အလက်များ မှားယွင်းနေသူများသည် စာမေးပွဲနေ့၌ ဘာသာရပ်အားလုံး ဖြေဆိုပြီးဆုံးချိန်တွင်မှသာ မိမိဖြေဆိုသည့် စာစစ်ဌာနရှိ ရုံးခန်းသတ်မှတ်နေရာသို့ သွားရောက်ကာ Correction Form တွင် စာဖြေသူကိုယ်တိုင် ဖြည့်စွက်လျှောက်ထား ပြင်ဆင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂျပန်ပြန်ဟောင်းအသင်း (MAJA) စာမေးပွဲကျင်းပရေးကော်မတီက အသိပေးထုတ်ပြန်ထားသည်။

news-view-count-icon

18