မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၉ သန်းကျော်ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ဗဟိုဘဏ်၏ FX Trading စနစ်အရ နိုင်ငံခြားငွေ ဝယ်ယူရရှိမှုများတွင် ကားနှင့် ဆိုင်ကယ်အပိုပစ္စည်းကဏ္ဍက ၂၇ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး စက်သုံးဆီနှင့် ဆက်သွယ်ရေးကဏ္ဍက ၁၅ ရာခိုင်နှုန်းစီ၊ စက်မှုကုန်ကြမ်းကဏ္ဍက ၁၁ ရာခိုင်နှုန်း၊ စားသုံးဆီကဏ္ဍက ၁၀ ရာခိုင်နှုန်းနှင့် ဆေးဝါးကဏ္ဍက ၈ ရာခိုင်နှုန်း အသီးသီးရရှိခဲ့ကြသည့်အပြင် အခြားသော စားသုံးကုန်စည်၊ ဆောက်လုပ်ရေးနှင့် Non-Trade Transaction ကဏ္ဍများသို့လည်း ရာခိုင်နှုန်းအလိုက် နိုင်ငံခြားငွေများ ခွဲဝေရောင်းချပေးခဲ့ကြောင်း သိရသည်။
Jun 27 • 7:34 AM
Myanmar
Local
Share
| 22 | 0 | 0 | 0 |


