back

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ မင်းနန်သူကျေးရွာအနီးရှိ လေးမျက်နှာဘုရားအတွင်းမှ ရှေးဟောင်းနံရံဆေးရေးပန်းချီများ

Jun 27 • 7:33 AM

breaking-news

Myanmar

Mandalay

cover

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ မင်းနန်သူကျေးရွာအနီးရှိ လေးမျက်နှာဘုရားအတွင်းမှ ရှေးဟောင်းနံရံဆေးရေးပန်းချီများ

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ မင်းနန်သူကျေးရွာအနီးရှိ လေးမျက်နှာဘုရားသည် ခရစ်နှစ် ၁၂၂၃ ခုနှစ်တွင် အမတ်ကြီး မဟာသေနပတိ အနန္တသူရမောင်နှံ တည်ဆောက်လှူဒါန်းခဲ့သည့် ...

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ မင်းနန်သူကျေးရွာအနီးရှိ လေးမျက်နှာဘုရားသည် ခရစ်နှစ် ၁၂၂၃ ခုနှစ်တွင် အမတ်ကြီး မဟာသေနပတိ အနန္တသူရမောင်နှံ တည်ဆောက်လှူဒါန်းခဲ့သည့် အရှေ့ဘက်မုခ်လှည့် ကွမ်းတောင်ပေါက်ဂူဘုရားတစ်ဆူဖြစ်ပြီး၊ ဘုရားအတွင်း၌ ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်လေးဆူနှင့်အတူ အမိုးခုံးမျက်နှာကြက်များတွင် ငါးရာ့ငါးဆယ်နှင့် ဗုဒ္ဓဝင်ဇာတ်ကွက် နံရံဆေးရေးပန်းချီများကို အပြည့်အစုံ လေ့လာဖူးမြော်နိုင်ကြောင်း သိရသည်။ ထို့ပြင် အဆိုပါဘုရားကြီး၏ ဝန်းကျင်တွင် ကြီးမားသောအုတ်ကျောင်းကြီးများ၊ သိမ်နေရာဟောင်း၊ ဓမ္မသာလ၊ အုတ်ဇရပ်၊ လေးထောင့်ကန်နှင့် ကြီးမားသောတံတိုင်းကြီးများ စသည့် ရှေးဟောင်းအဆောက်အအုံများစွာကိုလည်း လေ့လာတွေ့ရှိနိုင်ကြောင်း သိရသည်။

news-view-count-icon

12