back

ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းခကောက်ခံမည့် အီရန်ရဲ့အစီအစဉ်ကို ကန်နဲ့မဟာမိတ်တွေ ပူးပေါင်းကာပယ်ချ

Jun 27 • 3:34 AM

breaking-news

Myanmar

International

cover

ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းခကောက်ခံမည့် အီရန်ရဲ့အစီအစဉ်ကို ကန်နဲ့မဟာမိတ်တွေ ပူးပေါင်းကာပယ်ချ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ဟော်မုဇ်ရေလက်ကြားမှာ ဖြတ်သန်းခကောက် ခံမယ့် အီရန်ရဲ့အစီအစဉ်ကို မဟာမိတ်အားလုံးက ကန့်ကွက်ကြပြီး အမေရိကန်အနေနဲ့လည်း ဒါက...

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ဟော်မုဇ်ရေလက်ကြားမှာ ဖြတ်သန်းခကောက် ခံမယ့် အီရန်ရဲ့အစီအစဉ်ကို မဟာမိတ်အားလုံးက ကန့်ကွက်ကြပြီး အမေရိကန်အနေနဲ့လည်း ဒါကို ခွင့် လွှတ်သည်းခံမှာ မဟုတ်ဘူးလို့ ဇွန်လ၂၆ရက်ကြာသပတေးနေ့မှာ သတိပေးလိုက်ပါတယ်။ဘာရိန်းနိုင်ငံမှာရှိတဲ့ ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) အဖွဲ့ဝင်တွေနဲ့ တွေ့ ဆုံပြီးနောက် ၎င်းက အခုလို ပြောကြားလိုက်တာဖြစ်ကာအမေရိကန်နဲ့ ပင်လယ်ကွေ့ ၆ နိုင်ငံတို့ဟာ ရေလက်ကြားကို အသုံးပြုခအတွက် ငွေပေးချေရမယ့် ကိစ္စနဲ့ အဲဒီရေပြင်ကို ထိန်းချုပ်ဖို့ ကြိုးပမ်းမှုမှန်သမျှကို ငြင်းပယ်တဲ့ ပူးတွဲကြေညာချက်တစ်စောင် ထုတ် ပြန်ခဲ့ပါတယ်။

အီရန်ဟာ ရက်ပေါင်း ၆၀ အတွင်း လွတ်လပ်စွာ ဖြတ်သန်းသွားလာနိုင်ရေး စီစဉ်ပေးဖို့ အမေရိ ကန်နဲ့ ချုပ်ဆိုထားတဲ့ နားလည်မှုစာချွန်လွှာမှာ သဘောတူထားခဲ့တာဖြစ်ပါတယ်။




news-view-count-icon

22