ကမ္ဘာ့ဖလားရဲ့ အုပ်စု(H)ပွဲစဉ်တွေအပြီးမှာ နာမည်ကြီး စပိန်နှင့် ကိတ်ဗာဒီ တို့ ၃၂သင်း ရှုံးထွက် အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။အုပ်စုနောက်ဆုံးပွဲစဉ်မှာ စပိန်က ဉရုဂွေးကို အနိုင်ကစားပြီး အုပ်စုပထမနေရာကို သေချာစေခဲ့သလို ကိတ်ဗာဒီကလည်း ဆော်ဒီအာရေးဗျကို သရေကစားနိုင်ခဲ့တာကြောင့် အုပ်စုဒုတိယနေရာနဲ့နောက်တစ်ဆင့်ကို တက်နိုင်ခဲ့တာဖြစ်ပါတယ်။



