back

အဓိကကစားသမားအများစု အသုံးမပြုခဲ့တဲ့အပေါ် ပင်ပန်းနွမ်းလျမှုကို နော်ဝေအသင်းနည်းပြ ဆိုဘက်ခန်က အကြောင်းပြလာ

Jun 27 • 3:42 AM

breaking-news

Myanmar

International

cover

အဓိကကစားသမားအများစု အသုံးမပြုခဲ့တဲ့အပေါ် ပင်ပန်းနွမ်းလျမှုကို နော်ဝေအသင်းနည်းပြ ဆိုဘက်ခန်က အကြောင်းပြလာ

နော်ဝေအသင်းနည်းပြ ဆိုဘက်ခန်က ပြင်သစ်ကို ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ပွဲမှာ အဓိကကစားသမားအများစုကို အသုံးမပြုခဲ့တဲ့အပေါ် ပင်ပန်းနွမ်းလျမှုကို အကြောင်းပြခဲ့ပါတယ်။ဟာလန်း...

နော်ဝေအသင်းနည်းပြ ဆိုဘက်ခန်က ပြင်သစ်ကို ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ပွဲမှာ အဓိကကစားသမားအများစုကို အသုံးမပြုခဲ့တဲ့အပေါ်

ပင်ပန်းနွမ်းလျမှုကို အကြောင်းပြခဲ့ပါတယ်။

ဟာလန်း၊ အော်ဒီဂွါအပါအဝင် ကစားသမား ၁၀ ဦးအထိ အပြောင်းအလဲ လုပ်ခဲ့တာဖြစ်ကာနည်းပြ ဆိုဘက်ခန်ရဲ့ဆုံးဖြတ်ချက်က ဟာလန်းနဲ့ အမ်ဘာပေအကြား ပြိုင်ဆိုင်မှုကို မြင်တွေ့လိုတဲ့ ပရိသတ်တွေ

အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။

နော်ဝေအသင်းဟာ အုပ်စု ဒုတိယနေရာနဲ့ နောက်တစ်ဆင့်တက်ခဲ့ပြီး အိုင်ဗရီကို့စ်နဲ့ ရင်ဆိုင်ကစားရမှာဖြစ်ကာ၁၆ သင်းအဆင့်မှာ ဘရာဇီးလ်-ဂျပန်ပွဲက အနိုင်ရတဲ့အသင်းနဲ့ တွေ့ဆုံရပါလိမ့်မယ်။


news-view-count-icon

18