back

ကိဒ်ဗာဒီအသင်း သုံးပွဲဆက် သရေရလဒ်ရယူပြီး ကမ္ဘာ့ဖလား ၃၂ သင်းအဆင့်ကို သမိုင်းဝင်တက်၊ နောက်တဆင့်မှာ အာဂျင်တီးနားနဲ့ တွေ့ဆုံမည်

Jun 27 • 2:25 AM

breaking-news

Myanmar

International

cover

ကိဒ်ဗာဒီအသင်း သုံးပွဲဆက် သရေရလဒ်ရယူပြီး ကမ္ဘာ့ဖလား ၃၂ သင်းအဆင့်ကို သမိုင်းဝင်တက်၊ နောက်တဆင့်မှာ အာဂျင်တီးနားနဲ့ တွေ့ဆုံမည်

ကိဒ်ဗာဒီအသင်းသည် ပြိုင်ပွဲအုပ်စုအဆင့် ပွဲစဉ် (၃) ပွဲစလုံးတွင် သရေရလဒ်သာ ရယူနိုင်ခဲ့ပေမယ့်လည်း ရှုံးပွဲမရှိစံချိန်နဲံ အမှတ်စုဆောင်းနိုင်ခဲ့တာကြောင့် အုပ်စုအဆင့်မ...

ကိဒ်ဗာဒီအသင်းသည် ပြိုင်ပွဲအုပ်စုအဆင့် ပွဲစဉ် (၃) ပွဲစလုံးတွင် သရေရလဒ်သာ ရယူနိုင်ခဲ့ပေမယ့်လည်း ရှုံးပွဲမရှိစံချိန်နဲံ အမှတ်စုဆောင်းနိုင်ခဲ့တာကြောင့် အုပ်စုအဆင့်မှ ၃၂ အသင်းအဆင့်ကို အောင်မြင်စွာ တက်ရောက်သွားပြီး ဖြစ်ပါတယ်။ကိဒ်ဗာဒီဟာ အုပ်စုအဖွင့်ပွဲမှာ ကမ္ဘာ့အင်အားကြီး စပိန်အသင်းကို ဂိုးမရှိသရေ (၀-၀)နဲ့ ထိန်းချုပ်နိုင်ခဲ့ပြီး ပြိုင်ပွဲရဲ့ အံ့အားသင့်ဖွယ်ရလဒ်တစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။ဒုတိယပွဲမှာလည်း ဥရုဂွေးအသင်းနှင့် (၂-၂) ဂိုးနဲ့ သရေကျခဲ့ကာ တိုက်စစ်ပိုင်း အားကောင်းမှုကို ပြသနိုင်ခဲ့ပြီး နောက်ဆုံးအုပ်စုပွဲဖြစ်တဲ့ ဆော်ဒီအာရေဗျအသင်းကို (၀-၀) ဂိုးနဲ့ သရေကျခဲ့ပြီး သုံးပွဲဆက် သရေရလဒ်ရရှိခဲ့တာပါ။အခုအောင်မြင်မှုမှာ ကိဒ်ဗာဒီအသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာမှ နောက်တစ်ဆင့်အထိ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၄ ရက် နံနက် ၄း၃၀ နာရီ ( မြန်မာစံတော်ချိန်) မှာ အာဂျင်တီးနားနဲ့ ယှဉ်ပြိုင်ရမှာပဲဖြစ်ပါတယ်။



news-view-count-icon

17